ညောင်ပင်ကွင်းသားလေး ဆီကိုအခုလိုလာရောက်လည်ပတ်နေကြသော နည်းပညာ လေ့လာသူညီအစ်ကိုမောင်နှမများအားလုံးကို အထူးပဲ့ကျေးဇူးတင်ရှိပါတာခင်ဗျာ...ဒီဆိုဒ်လေးကို ၃ ရက်နေ့ နိုဝင်ဘာ ၂၀၁၃ မှာစတင်ဖွင့်လင့်ပြီး အခြေခံထားတာပါ
Showing posts with label နည်းပညာများ. Show all posts
Showing posts with label နည်းပညာများ. Show all posts
Thursday, February 13, 2014
အင်တာနက်ကော်နက်ရှင် မြန်အောင်လုပ်နည်း
အင်တာနက်ကော်နက်ရှင် မြန်အောင်လုပ်တယ်ရယ်လို့တော့မဟုတ်ပါဘူး။ ကိုယ်သုံးနေတဲ့ ကွန်ပျူတာတစ်ခုတည်းကနေ ကော်နက်ရှင် သာမန်သုံးနေ ကျထက် အနည်းငယ်ပိုမြန်အောင် ဖြစ်ပါတယ်။ နဂို ရတဲ့ အင်တာနက် Speed နဲ့ ပမာဏ က နည်းနေရင်တော့ ဘယ်လိုနည်းနဲ့မှ မြန်အောင် လုပ်လို့မရပါဘူး။ ဒီလိုရှိပါတယ်။
 စာဖတ်သူတို့လည်း သတိထားမိမယ်ထင်ပါတယ်။ Browser တစ်ခုတည်းမှာ www.google.com ရိုက်လိုက်တယ်ဆိုပါစို့။ သူက ကိုယ်ဖွင့်လိုတဲ့ ဝဘ်ဆိုဒ်ဆီ ကို တန်းမသွားပဲ ကြားမှ ISP ဆီ ဝင်ရပါသေးတယ်။ Redirect လုပ်တာ ဖြစ် ပါတယ်။ ဒီတော့ ISP (Internet Service Provider) သို့မဟုတ် DNS (Domain Name Server) က Process လုပ်ပြီးမှ ကိုယ်ဝင်ချင်တဲ့ ဝဘ်ဆိုဒ်ဆီ ကို တစ်ဆင့် ပြန်ပို့ပေးပါတယ်။ ဒီတော့ မလိုအပ်ပဲ ကြားမှ အချိန်ကြာသွား ရပါတယ်။ ဒါကြောင့် DNS server တစ်ဆင့်ကို ကျော်လိုက်မယ်ဆိုရင် မူလ သုံးနေတာထက် ၃၀ ရာခိုင်နှုန်း ပိုမြန်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် အောက်ပါအဆင့်အတိုင်းသွားရန် လိုအပ်ပါတယ်။
 ၁။ Control Panel ကိုဝင်ရပါမယ်။
 ၂။ Network Connection သို့မဟုတ် Network and Sharing Centre ကိုဝင်ရပါမယ်။
                                              အောက်ကပုံတိုင်း
 ၃။ မိမိအသုံးပြုနေတဲ့ Network (ဥပမာ- Local Area Connectin)ကိုရွေး ချယ်ရပြီး Click နှိပ်ရပါမယ်။ XP သုံးနေတယ်ဆိုရင် Right cick နှိပ်ဝင် ရမှာ ဖြစ်ပါတယ်။ Window 7 သုံးနေတယ်ဆိုရင်တော့ left Click နှိပ် ဝင်နိုင်ပါတယ်။
                                                   အောက်ကပုံလို
 ၄။ Properties ကိုနှိပ်ပါ။
 ၅။ Netwokring Tab ဝင်ပြီး Internet Protocol (TCP/IP) ထဲကို ဝင်ရပါမယ်။ စက်တစ်လုံးနဲ့မတူညီတဲ့အတွက် အချို့ ဆို Internet Protocol Version 6 နဲ့ 4 ဆိုပြီး ပေါ်နေတတ်ပါတယ်။ အောက်တစ်ခု 4 ကိုဝင်ရပါ တယ်။ သာမန် မြင်နေကျ 192.168 အစရှိသဖြင့် ဖြည့်ထား တဲ့အကွက်များကိုမြင်တွေ့ရပါမယ်။
                                                  ဒီလိုပါ
 ၆။ Use the following DNS server address: မှာ click နှိပ်ပြီး အောက်ပါ ကုဒ်များကို ဖြည့်စွက်ရမှာ ဖြစ်ပါတယ်။
Preferred DNS Server မှာ - 208.67.222.222
 Alternate DNS server မှာ - 208.67.220.220
တို့ကို ဖြည့်စွက်ပေးရပါမယ်။
                                               အောက်ကပုံတိုင်းသွားလိုက်ပါ
 ၇။ အထက်ပါအတိုင်း ဖြည့်ပြီးပြီဆိုရင်တော့ OK နှိပ်နိုင်ပါပြီ။ ကျန်ရှိနေတဲ့ Box တိုင်းမှာ OK နှိပ်ပြီးရင် ပြီးပါပြီ။
 ကွန်ပျူတာကို Restart ပြန်လိုက်၊ Connection ကို Restart ပြန်လုပ်ပြီးရင် ယခင်ထက် ၃၀ ရာခိုင်နှုန်း ပိုမြန်သော အင်တာနက် ကော်နက်ရှင်ကို အသုံးပြုလို့ရပါပြီ
မှတ်ချက်==ကွန်ပျူတာကို restart ချရင် ကွန်ပျူတာ password ခံပြီးစက်ပိတ်တတ်သူများအတွက်password ကိုအရင်ဖြုတ်ပြီးမှချပါ နောက်မို့ဆို windows normal automatically ဆိုပြီးအပြာရောင်စာကြောင်းတွေပေါ်လာရင် နောက်တစ်ခေါက်ပြန်ဝင်နေရမှာမို့လိုပါ ပေါ်လာရင်လည်းဘာမှမဖြစ်ပါဘူး စက္ကန့်အနည်းငယ်စောင့်ပြီး (သို့မဟုတ်) enter ကိုဒါ၇ိုက်ဝင်လို့လည်းရပါတယ်။
နည်းပညာလေ့လာသူများအားလုံးအင်တာနက်မြန်ဆန်စွာဖြင့်အသုံးပြုရပြီးပြုံးပျော်နိုင်ကြပါစေ....
Thursday, January 9, 2014
windows 7 မှာ en ပျောက်ခဲ့ရင်ပေါ်အောင်ပြန်ဖော်နည်း
ဒီနည်းပညာလေးကတော့ ကနော်ကွန်ပျူတာစကိုင်တုန်းကဖြစ်ခဲ့တဲ့ ကျနော့ရဲ့ အခက်ခဲလေးပါခင်ဗျာ
ကျနော်နည်းပညာလေ့လာနေတုန်းကလိရင်းနဲ့ပျောက်သွားတဲ့ EN ကိုပြန်ဖော်တဲ့နည်းပညာလေးပါခင်ဗျာ
ဒီနည်းပညာလေးကို ကျနော်ပထမဆုံးလိုက်ရှာတာမတွေ့ခဲ့ပါဘူး ကျနော်ဒီနည်းပညာလေးကိုရဖို့အတွက် အချိန်တွေပေးဆပ်လိုက်ရတာမနည်းပါဘူး နောက်ဆုံးဆိုင်သွားတော့ ဆိုင်ကပြောတယ် ၀င်းဒိုးလဲ ရမယ်တဲ့ ကနော်လည်းဒီတုန်းက ဆိုဘာမှမတတ်သေးတဲ့ သူဆိုတော့ ၀င်းဒိုးလဲလိုက်တယ် အချိန်လဲကုန်
ပိုက်ဆံလည်းကုန်ဖြစ်သွားတာပေါ့ အချိန်တွေကုန်ပိုက်ဆံတွေကုန်ပြီးမှ ဒီနည်းပညာလေးကိုရှာတွေ့တာပါ
ဒီနည်းပညာလေးကိုရပြီးတဲ့နောက်ပိုင်း ကနော့်သူငယ်ချင်းတွေကိုလုပ်ပေးခဲ့တာ သုံးလေးကြိမ်လောက်ရှိခဲ့
ဖူးလို့ကျနော်အခုလိုဒီနည်းပညာလေးကိုရေးဖြစ်လိုက်တာပါ  ဒီနည်းပညာလေးဟာ လွယ်ကူတဲ့နည်းပညာ
လေးဖြစ်နေပေမဲ့ မသိသေးတဲ့ စာဖတ်သူတွေ နည်းပညာလေ့လာနေဆဲဖြစ်တဲ့သူချင်းတွေအတွက်ရည် ညွန်းလိုက်ခြင်းဖြစ်ပါတယ်ချင်ဗျာ.း..
နည်းပညာလေးကိုတော့ လွယ်ကူအောင်အပုံနှင့်တကွ ရှင်းပြပေးသွားမှာပါ စလိုက်ကြရအောင်
 ပထမဆုံ ၀င်ဒိုး start ကိုနိပ်ပြီး control panel ကိုနိပ်ပါ ကျလာတဲ့ဝင်းဒိုးထဲမှ region and language
ဆိုတဲ့စာကြောင်းကိုရှာပြီးနိပ်ဝင်လိုက်ပါ အောက်မှာပြထားတဲ့ပုံအတိုင်းပါ
အပေါ်ကအပုံတိုင်းပြီးသွားရင် အောက်ကပုံအတိုင်း keyboards and languages ကိုနိပ်သွားလိုက်ပါ
ပြီးရင် change keyboards ကိုနိပ်သွားပါ
ပြီးရင်အောက်ကပုံအတိုင်း language bar ကိုဝင်လိုက်ပါ
အပေါ်ကပုံအတိုင်း language bar ကိုနိပ်ပြီးရင် အောက်မှာပေးထားသောပုံအတိုင်း အမှတ်ချက်တွေကိုထားပေးလိုက်မယ်ဆိုရင် စာဖတ်သူတို့တခဲနက်လိုက်ရှာနေတဲ့ EN ကိုပြန်လည်ရှာတွေ့သွားပါပြီခင်ဗျာ..
ဒီနေရာမှာစာဖတ်သူတို့ EN ပျောက်ရတဲ့အကြာင်းရင်းက Hidden ဆိုတဲ့အကွက်လေးကိုအမှတ်ချက်ပေးထားလို့ပါခင်ဗျား...
နည်းပညာရှာဖွေလေ့လာသူများအားလုံး  ရှာတွေ့ခြင်းများစွာရရှိပြီး ပြုံးပျော်နိုင်ကြပါစေ...
ကွန်ပျူတာရဲ့ ဖိုင်တွေသီချင်းတွေမှာမြန်မာစာရေးလို့ရအောင်လုပ်နည်း
ဒီနည်းပညာလေးကိုကျနော် မရေးတော့ မတင်တော့ပြီလို့လုပ်ထားတဲ့နည်းပညာလေးပါ
ဘာဖြစ်လို့လဲဆိုတော့ဒီနည်းပညာလေးက အတော်လေးကိုလွယ်ကူနေလို့ပါခင်ဗျာ၊ အခု
တော့ဒီနည်းပညာလေးက လွယ်နေပေမဲ့ မသိသေးတဲ့ စာဖတ်သူတွေအတွက်အတော်
လေးကို အခက်ခဲဖြစ်နေလို့ပါပဲ့ ဘာကြောင့်လဲဆိုတော့ ကျနော်ကိုယ်တိုင်ကလဲ ဒီနည်း
ပညာလေးကိုမသိခင်မတတ်ခင်မှာ အတော်လေးကိုအခက်ခဲဖြစ်ခဲဖူးလို့ပါ  အခုလဲပြီးခဲ့တဲ့
ရက်ပိုင်းလေးအတွင်းမှာပဲ့ ညီလေးတစ်ယောက်ကမေးလို့ အခုလိုဒီပို့စ်လေးကို တင်ဖြစ်
ခြင်းဖြစ်ပါတယ် လုပ်နည်းကိုတော့ လွယ်ကူရှင်းလင်းအောင်လို့ အောက်မှာကျနော်အပုံနှင့
်တကွရှင်းလင်းတင်ပြသွားမှာပါ။
ကဲစလိုက်ရအောင်နော်  ပထမဆုံ desktop မျက်နှာပြင်ပေါ်မှာ right click ပြီး
                               properties ကိုဝင်လိုက်ပါ ပြီးရင်အောက်ကအပုံတိုင်းသွားပါ
ပြီးရင်အောက်ကအပုံတိုင်း ဒီမှာနိပ်ပါ ဆိုဒါလေကိုနိပ်ပြီးဆက်သွားပါ
ပြီးရင်အောက်ကအပုံတိုင်းမျှားပြထားတဲ့အတိုင်း desktop နေရာမှာ icon လေးကိုပြောင်းပေးလိုက်
ပြီး အောက်ကအကွက်မျှာမဲလေးနေရာကိုနိပ်ပြီး zawgyi one ကိုပြောင်းပေးလိုက်ပါပြီးရင် ok ပေါ့နော်
ဒါဆိုရင်စာဖတ်သူတို့ အဆင်ပြေချောမွှေ့စွာဖြင့်ရေးယူနိုင်ပါပြီးခင်ဗျာ... 
စာဖတ်သူများအားလုံးဒီနည်းပညာလေးကိုရှာဖွေတွေ့ရှိပြီးလွယ်သူစွာဖြင့်မှတ်ယူအသုံးချနိုင်ကြပါစေ....
Monday, December 16, 2013
photoshop cs5 ဖြင့်ဓာတ်ပုံဖြတ်နည်း
ကဲ့ဒီတစ်ခါတော့ကျနော်က phptoshop cs5 နဲ့ဓာတ်ပုံဖြတ်ပြီးကလိထားတာကိုသူငယ်ချင်းကတွေ့ပြီးမင်းလိုပဲ့ငါလည်းတတ်ချင်တယ် ကလိချင်တယ်ဆိုပြီးဆော့ဝဲလ်တောင်းတော့ပေးလိုက်ပါတယ်
ပြီးတော့ဘယ်လိုလုပ်လည်းကူညီပါဦးပြောလို့ကျနော်အချိန်မရတဲ့ကြားထဲကနေကျနော်သူငယ်ချင်းရဲ့စက်ကိုကြည့်ပေးပါတယ် ကံဆိုးချင်တော့သူငယ်ချင်းစက်ကလိုင်းမကောင်းလို့မလုပ်ပေးလိုက်ရလို့ အပုံနင့်တကွ၇ှင်းပြပေးသွားမှာပါ စာဖတ်သူတို့လည်းကျနော့်သူငယ်ချင်းလိုအခက်အခမျိုဲးမဖြစ်၇အောင်အပုံလေးကိုကြည့်ပြီးစမ်းကြည့်လိုက်ရအောင်နော်....
ပတမဆုံး photoshop cs5 ဆော့ဝဲလ် ကိုဖွင့်ပါ ပြီးရင် file ကိုနိပ်ပြီး ကိုနစ်သက်တဲ့အပုံကိုထည့်ပါ။
အပုံရောက်သွားရင်ဒီမှာအပုံကိုဖြတ်ဖို့နိပ်ပါဆိုတဲ့နေရာကို ကလက်ပါပြီးရင် အပုံကိုကလက်ပြီးလိုသလိုဖြတ်လိုက်ပါ
အပေါ်ကအပုံကိုဖြတ်ပြီးရင်background ထည့်ဖို့ရန်အတွက် ကိုနစ်သစ်တဲ့အပုံတစ်ပုံကိုထပ်ထည့်လိုက်ပါကျနော်ကတော့နမူနာအနေနဲ့ဆိုင်ကယ်ပုံလေးကိုယူပြီးသုံးပြထားပါတယ်အောက်ကပုံလိုရသွားမှာပါ
ပြီးရင်မိမိဖြတ်ထားတဲ့အပုံကို backgroundထည့်ဖို့ရန်အတွက်နမူနာအနေနဲ့သုံးပြထားတဲ့ ဒီမှာနိပ်ပြီးလိုရာဆွဲလိုက်ပါ ဆိုတဲ့နေရာကို mouse နဲ့မလွှတ်ဘဲနိပ်ပြီးတစ်နေရာကိုဆွဲလိုက်ပါ အောက်ကအပုံလိုရသွားမှာပါ
အပေါ်ကအပုံမှာညွန်းထားတဲ့အတိုင်းသွားကြည့်လိုက်ပြီးရင်အောင်ကအပုံအတိုင်းအောင်မြင်စွာရ၇ှိသွား
မှာပါ။
သိမ်းဖိုရန်အတွက်အောင်ကအပုံကိုကြည့်ပါ ဒီနေရာမှာအရေကြီးပါတယ် ဘာဖြစ်လို့လည်းဆိုတော့အပုံ
တွေကိုလုပ်ပြီးဒီအတိုင်းသိမ်းရင် psd နဲ့ပေါ့်နေတာမို့လို့ပါ psd နဲ့ပေါ်နေရင်လုပ်ချင်သလိုလုပ်လို့မရပါဘူး
psd နဲ့မပေါ်ရအောင် အောက်မှာပေးထားတဲ့ ဒီမှာထားချင်တာပြောင်းပြီးရင်ဆိုတဲ့်နေရာမှာ  jpg (or) png ပြောင်းပြီးသိမ်းလိုက်ပါ ပြီးရင် save နိပ်လိုက်ပါ် စာဖတ်သူတို့ရဲ့ဓာတ်ပုံတွေကိုအောင်မြင်စွာဖြင့်ရရှိသွားပါပြီး
ပြီးရင်သေချာမှတ်ထားဦးနော်ကို့ဓာတ်ပုံကိုဘယ်မှာထည့်လိုက်လဲဆိုတာကိုလေ တော်ကြာကိုသိမ်းလိုက်တဲ့ဓာတ်ပုံဘယ်ရောက်သွားမှန်းမသိဖြစ်နေမှာစိုးလို့အသိပေးလိုက်ပါတယ။
မှတ်ချက်=ဆရာကြီးလုပ်ပြီးတင်ပြခြင်းမဟုတ်ပါဘူး ဒီနည်းကိုလည်းကျနော်တတ်ချင်ကလိချင်လို့
လိုင်းပေါ်က၇ှာပြီးပြန်လည်ရှင်းလင်းတင်ပြပေးလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျာ.။
ဆော့ဝဲလ်ကတော့ photoshop cs5 portable.exe လေးပါ လိုချင်ရင်တော့အောက်မှာကလက်ပြီးယူသွားလိုက်ပါ အားလုံးအဆင်ပြေပါစေ....။
Laptop အတွက် bluetooth ပိတ်နည်း ဖွင့်နည်း
ကျနော်အခု laptop တွေမှာbluetooth ဖွင့်ဖို့အခက်အခဲဖြစ်သူတွေအတွက်ပြန်လည်မျှဝေချင်ပါတယ်
ကျနော်Laptop ကိုအစသုံးတုန်းကbluetooth ဖွင့်ဖို့တော်တော်အခက်အခဲဖြစ်ပါတယ် bluetooth နဲ့
အင်တာနက်ချိတ်ဖို့လည်းတော်တော်အခက်အခဲဖြစ်ပါတယ် ကျနော့်ထက်နားလည်တဲ့ ကျနော့်ကိုလမ်း
ညွန်ပေးခဲ့တဲ့အစ်ကိုကြီးကိုသိန်းဇော်နဲ့ တိုင်ပင်ပြီးလုပ်ကြည့်တော့ အဆင်တော့ပြေပါတယ် ဒါပေမဲ့ခရီးမ
ရောက်သေးတဲ့သဘော၇ှိနေသေးလို့ ကျနော်ထပ်ကလိရင်းနဲ့အဆင်ပြေသွားပါတယ် အခုဆိုရင်တော့
ပိတ်လို့လဲရ ဖွင့်လို့လဲအဆင်ပြေသွားလို့ အင်နက်ပေါ်မှာနည်းပညာတွေကိုလိုက်လှန်၇ှာဖွေနေသူတို့
အတွက်တော့ အခုကျနော်၇ှင်းပြမဲ့ ဒီ laptop  bluetooth ဖွင့်နည်းလေးကိုအတော့bluetooth နဲ့
အင်တာနက်ချိတ်သုံးသူတို့အတွက်အတော်လေးကအသုံးဝင်မယ်လို့မျော်
လင့်ပါတယ် ကျနော်ကဆရာကြီးလုပ်တာတော့မဟုတ်ပါဘူး ပြီးတော့ကျနော်ကစာလည်းမတတ်ပါဘူး
နည်းပညာတွေကိုဝါသနာပါလို့ ကလိရင်းနဲ့ရလာလို့ပြန်လည်မျှဝေတာပါ မသိသေးတဲ့သူတွေအတွက်
ကျနော့လို့အခက်အခဲမဖြစ်ရအောင်လို့ပြန်လည်မျှဝေလိုက်တာပါ သိပြီးသားသူများဒီပို့စ်လေးကိုဖတ်
မိခဲ့လို့ရှိရင်လည်း ချမ်းလို့အနွေးထည်လေးဝတ်လိုက်ရသလိုခံစားသွားမယ်ဆိုရင် ကျနော့အတွက်
တော့အားဆေးတစ်ခွက်လိုပါပဲ့ခင်ဗျာ...
 ဒီဟာက bluetooth ပိတ်နည်းလေးပါ
 ဒီလို bluetooth အပုံတွေအများကြီးပေါ်နေလို့စိတ်ရှုံ့တယ်ဆိုရင်
ပထမဆုံး ၀င်းဒိုးအပုံ start ကိုနိပ် ပြီးရင် search programs and files နေရာမှာ
bluetooth ကိုရိုက်ထည့်လိုက်ပါ ဖိုင်တွေကျလာပါလိမ့်မယ် ကျလာတဲ့ဖိုင်တွေမှာမှ
view devices and printers ကိုနိပ် ပြီးရင်ပေါ်လာတဲ့ဝင်းဒိုးမှာဖုန်းအပုံတွေသို့မဟုတ်
 စာဖတ်သူတို့ချိတ်ထားတဲ့အရာတွေမှာမလိုအပ်ဘူးဖျက်ချင်တယ်ဆိုရင်
ဒီအပုံကိုကြည့်ပါ
ဖျက်ချင်တဲ့အပုံတစ်ပုံပေါ်မှာ right click နိပ်ပြီး ပေါ်လာတဲ့ဝင်းဒိုးမှာ yes ပေးလိုက်ပါ
ဒီလိုအပုံမျိုးပေါ့
ခဏလေးစောင့်ပါအလုပ်လုပ်နေပါလိမ့်မယ် အလုပ်လုပ်နေတဲ့အချိန်မှာ တုနဲ့ ဆိုပြီး
အသံမြည်အချက်ပေးနေပါလိမ့်မယ် စိုးရိမ်စရာမရှိပါဘူး သူချိတ်ဆက်ထားတဲ့ network
တွေကိုယုတ်သိမ်းနေလို့ပါ ပြီးရင်ဘာမှလုပ်စရာမလိုဘဲအလိုလျောက်ပြီးသွားပါလိမ့်မယ်
Bluetooth ဖွင့်နည်း
 ဒါကဖုန်းနဲ့ကွန်ပျူတာအင်တာနက်ချိတ်ဖို့နည်းလေးပါ
ဖွင့်နည်းကလွယ်လွယ်လေးပါ အပေါ်မှာရှင်းပြထားတဲ့အတိုင်း တစ်ဆင့်စီသွားလိုက်ရုံပါပဲ့
ပထမဆုံးစာဖတ်သူတို့ရဲ့ဖုန်းမှာ bluetooth ဖွင့်ထားဖို့လိုအပ်ပါတယ် ပြီးရင်စာဖတ်သူရဲ့
ကွန်ပျူတာမှာ ကျနော်အပေါ်မှာရှင်းပြထားတဲ့အတိုင်းတစ်ဆင့်စီဝင်လိုက်ပါ
ဒီလိုအပုံထိရောက်အောင်ပေါ့
ဒီအပုံကိုရောက်သွားရင် add device ကိုနိပ်ပြီးရှာလိုက်ပါ ကိုယ့်ရဲ့ဖုန်းအမျိုးစားပေါ်လာလိမ့်မယ်
ပေါ်လာတဲ့ကိုယ့်ရဲ့ဖုန်းအမျိုးစားပေါ်မှာ bouble click နိပ်လိုက်ပါ
ဒီလိုအပုံပေါ်လာတာပေါ့
ပုံမှာပြထားတဲ့အတိုင်း ဖုန်းအပုံကိုအစိမ်းပေါ်အောင် click နိပ်ပြီး next ကိုထပ်သွားလိုက်ပါ
ဒီအပုံလိုပေါ်လာပါလိမ့်မယ် ဒီအပုံလိုပေါ်လာတာနဲ့ စာဖတ်သူတို့ရဲ့ဖုန်းမှာလည်းတခါတည်းပေါ်
လာမှာပါ စာဖတ်သူတို့ရဲ့ဖုန်းမှာ accept လုပ်ပေးလိုက်ပါ ပြီးရင် ကွန်ပျူတာမှာ next ထပ်သွား
လိုက်ပါ ပြီးရင် ကျလာဝင်းဒိုင်းကို close လုပ်ပေးလိုက်ပါ ဒါဆိုရင်စာဖတ်သူတို့လိုချင်တဲ့
bluetooth ပွင့်သွားပါပြီ
အင်တာနက်တစ်ခါတည်းချိတ်မယ်ဆိုရင်တော့ ဖုန်းအပုံကို double click နိပ်လိုက်ပါ
                                             ဒီလိုအပုံပေါ်လာမှာပါ
 အပုံမှာပြထားတဲ့အတိုင်း လိုင်းချိတ်ဖို့အတွက် connect ကိုနိပ်လိုက်ပါ ဒီနေရာမှာ
သတိထားပါ လိုင်းချိတ်သွားပြီဆိုရင်bluetooth အပုံမှာမှတ်ချက်ပြနေပါလိမ့်မည်
မှတ်ချက်မပြသေးဘူးဆိုရင် လိုင်းမချိတ်သေးပါဘူး သုံးလို့လည်းမရသေးပါဘူး
ကျနော်အခုပြထားတဲ့အပုံကလိုင်းမချိတ်ထားတဲ့အပုံပါ..
                                                  ok
                                 အားလုံးအဆင်ပြေချောမွှေ့စွာဖြင့်လုပ်ဆောင်နိုင်ပါစေ......
windows 7 ရဲ့  bar မှာ icon လေးတွေသိမ်းချင်ရင်
ကျနော်တို့အသုံးးပြုနေတဲ့ windows7 ရဲ့bar မှာ icon လေးတွေ ပြန့်ကျဲရှုံ့ထွေးနေတာတွေကို
မကြိုက်ဘူးတစ်နေရာတည်းမှာထားပြီး ရှင်းလင်းစွာဖြင့်အသုံးပြုနိုင်မဲ့နည်းပညာလေးပါ
                              ဒီလိုပုံမျိုးမမြင်ချင်ရင်
 ဒီပုံစံအတိုင်းသွားလိုက်ပါ   windows ရဲ့ ညာဘက်ထောင့်မှာရှိတဲ့ အချိန်နာရီနေရာကို
right click နိပ် ပြီးရင်  coustomize notification icons ဆိုတဲ့စာကြောင်းကိုနိပ်
                             ဒီလိုwindows ကျလာပါလိမ့်မည်
ကျလာတဲ့ windows ရဲ့ ဘယ်ဘက်အောက်နားလေးမှာရှိတဲ့ always show all icons and
notifications on the taskbar ဆိုတဲ့စာကြောင်းကိုအမှတ်ဖြုတ်ပေးလိုက်ပါပြီးရင် ok နိပ်ပါ
ဒီလိုဖြစ်သွားတယ်ပေါ့
မလိုဘူးဒီအတိုင်းပဲ့သုံးတာကောင်းတယ်ဆိုရင်တော့ အမှတ်ပြန်ပေးလိုက်ပါ
ဒီနည်းပညာလေးကလွယ်နေတယ်ဆိုတော့စာဖတ်သူတော်တော်များများကသိပြီးသားကျွမ်းကျင်ပြီသား
သူတွေလဲရှိမှာပါ မသိသေးတဲ့သူတွေအတွက်နဲ့ လိုအပ်နေတဲ့စာဖတ်သူတွေအတွက်အသုံးဝင်မယ်လို့မျော်လင့်ပါတယ်။
နည်းပညာမိတ်ဆွေများအားလုံးအဆင်ပြေပါစေခင်ဗျား.....
ကွန်ပျူတာ shutdown faster လုပ်နည်း
ဒီတစ်ခါစာရေးသူ ကွန်ပျူတာကို shutdown လုပ်တာမြန်စေတဲ့နည်းလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်
      ဒီနည်းလေးကိုမနေ့က ကျနော့်ကိုအင်တာနက်သုံးဖို့လမ်းညွန်ပေးခဲ့တဲ့အစ်ကိုကြီး ကိုသိန်းဇော်က
         ညီလေးအစ်ကိုစက် shutdown လုပ်တာနှေးနေတယ် စောင့်ရတာအရမ်းကြာတယ်ပြောလို့
  တစ်ချက်လောက်ကူညီပါ စောင့်ရတာအရမ်းကြာတယ်ဆိုလို့ စာရေးသူဒီနည်းလေးကိုရှာပြီးစမ်းပြီးလုပ်
              ကြည့်တော့အဆင်ပြေနေလို့ shutdown လုပ်တာလည်းမြန်နေလို့မျှဝေလိုက်တာပါ
                 လုပ်နည်းလေးကလွယ်လွယ်လေးပါ ကဲ့...စာဖတ်သူတို့စမ်းကြည့်ချင်တယ်ဆိုင်
                                                      စလိုက်ကြစို့.....
ပထမဆုံးစာရေးသူတို့ run box ကိုအရင်ခေါ်လိုက်ကြရအောင် windows+R ကိုနိပ်ပါပြီးရင် ပွင့်လာတဲ့
run box ထဲမှာ regedit ကိုရိုက်ပြီးခေါ်လိုက်ပါ ပြီးရင်ကျလာတဲ့ဝင်းဒိုးထဲမှာ HKEY-LOCAL-MACHINE
ကိုနိပ်ပြီးရင်  system နိပ် ပြီးရင် Currentcontrolset ပြီးရင် control ကိုနိပ်ပြီးရင်ညာဘက်မှာပေါ်လာတဲ့
waitToKillServi....REG-SZ ကိုနိပ်လိုက်ပါပေါ်လာတဲ့ဝင်းဒိုး Edit string အောက်က value data မှာ
data အရေအတွက်ဘယ်လောက်ရှိလဲကြည့်ပါ  5000 လောက်ရှိတယ်ဆိုရင် ၁၀၀၀ လောက်ပြောင်း ထား
ပြီး restart လုပ်စမ်းကြည့်ပါ နဂို shutdown လုပ်တာထက်မြန်ဆန်လာပါလိမ့်မယ် စာဖတ်သူတို့အနေနဲ့
နစ်ခါမစမ်းချင်ဘူးဆိုရင်တော့ အတတ်နိုင်ဆုံး အငယ်ဆုံးထားလိုက်ပေါ့နော်...စာရေးသူကတော့ 100 လောက်အငယ်ဆုံးထားပြီးလုပ်လိုက်တယ်အရင်ထက်စာရင်တော့ အရမ်းကိုမြန်ဆန်လာပါတယ် ကဲ့...
ဒီလောက်ဆိုရင်တော့စာဖတ်သူတို့ရဲ့ကွန်ပျူတာကိုမြန်မြန်ဆန်ဆန်နဲ့ shutdown ပြုလုပ်နိုင်ကြပါပြီခင်ဗျာ..
                                 စာဖတ်သူနည်းပညာညီအစ်ကိုမောင်နမများအားလုံး
                 ကွန်ပျူတာ shutdown မြန်ဆန်စွာပြုလုပ်နိုင်၍ပြုံးပျော်နိုင်ကြပါစေခင်ဗျား....
         ညောင်ပင်ကွင်းသားလေး>>>ဝေမာန်အောင်<<<ဆက်လက်ကြိုးစားနေလျှက်နဲ့ပါခင်ဗျာ
Saturday, December 14, 2013
windows 7 ကိုမြန်ဆန်အောင်လုပ်နည်း
ကျနော်နည်းပညာတွေကိုလေ့လာရင်းဒီ windows7 ကိုမြန်အောင်လုပ်တဲ့နည်းလေး
                  တစ်ခုရလာလို နည်းပညာလေ့လာနေတဲ့ ကျနော့်ရဲ့နည်းပညာညီအစ်ကိုမောင်နှမ
များကိုဒီနည်းလေးနဲ့လက်ဆောင်ပေးချင်ပါတယ်တယ်ခင်ဗျာ...လုပ်နည်းကလွယ်လွယ်
         လေးပါခင်ဗျာ. ပထမဆုံး desktop ပေါ်မှာရှိနေတဲ့ computer ကို right click နိပ်ပါ ပြီးရင်
properties ကိုဝင်ပြီးရင် >>>Advanced system settings.. ကိုနိပ်ပါ
ဒီပုံလိုပေါ့
        ပေါ်လာတဲ့ဝင်ဒိုးမှာ>>>Advances  ကိုထပ်နိပ်ပါ ပြီးရင် perfomance  အောက်က >>>
setting ကိုနိပ်ပါ အောက်ကပုံလိုပေါ့
ပြီးရင်နောက်ထပ်ပေါ်လာတဲ့ဝင်းဒိုးမှာ>>>Advanced ကိုနိပ်ပြီးရင် programs မှာမှတ်
         ချက်ပေးပြီး>>>change ကိုနိပ်ဝင်လိုက်ပါ အောက်မှာပေးတဲ့အပုံလိုပေါ့
ပြီးရင်ထပ်ပေါ်လာတဲ့ဝင်းဒိုးမှာ ပထမဆုံး( c: )ဖိုင်ကို click
ပြီးအောက်မှာပေးတားတဲ့ coustom size နေရာမှာအမှန်ပေးပြီးညာဘက်ကအကွက်
         ဖြူလေးနစ်ကွက်ထဲမှာ 4078 နိပ်ပါပြီးရင် set ကိုနိပ်ပြီးအတည်ပြုလိုက်ပါ ဒီအချက်တွေနဲ့
အလားတူ (D:) and (E:)ကိုလည်းဒီလိုပဲ့လုပ်ပေးလိုက်ပါပြီးရင် ပေါ်လာတဲ့ဝင်းဒိုးမှာ okပေါ့
အောက်ပါအပုံအတိုင်းပေါ့
ပြီးရင်ဖိုင်တွေကို>ok>>ok
         ထပ်နိပ်ပြီး ဖိုင်တွေကိုပိတ်လိုက်ပါ နောက်ဆုံးဖိုင်ကိုပိတ်ပြီးတာနဲ့
အခု restaert ချမှာလားနောက်မှလုပ်မှာလားဆိုပြီးမေးပါလိမ့်မယ် ဒါဆိုရင် စာဖတ်သူတို့အနေနဲ့စိတ်သန်
        ရာကိုလုပ်ပေးလိုက်ပါ ဒီနေရာမှာတိုက်တွန်းချင်တာကတော့ restart now
ကိုနိပ်ပေးလိုက်ပါ ဘာဖြစ်လို့လဲဆိုတော့ နောက်မှလုပ်တာထက်အခုလုပ်တာကပိုပြီးကောင်းစေချင်လို့         ပါခင်ဗျာ....restart  now ကိုနိပ်ပြီးဝင်းဒိုးပြန်တက်လာရင် သုံးကြည့်ပါ
အရင်ကထက်ပိုပြီးမြန်ဆန်လာတာကိုမြင်တွေရမှာပါခင်ဗျာ...
ဟုတ်ကဲ့ပါ အခုလောက်ဆိုရင်ဖြင့် နည်းပညာညီအစ်ကိုမောင်နှမများရဲ့
          ညောင်ပင်ကွင်းသားလေး  ဝေမာန်အောင် ဆက်လက်ကြိုးစားနေလျှက်နဲပါခင်ဗျာ...