ညောင်ပင်ကွင်းသားလေး ဆီကိုအခုလိုလာရောက်လည်ပတ်နေကြသော နည်းပညာ လေ့လာသူညီအစ်ကိုမောင်နှမများအားလုံးကို အထူးပဲ့ကျေးဇူးတင်ရှိပါတာခင်ဗျာ...ဒီဆိုဒ်လေးကို ၃ ရက်နေ့ နိုဝင်ဘာ ၂၀၁၃ မှာစတင်ဖွင့်လင့်ပြီး အခြေခံထားတာပါ
Showing posts with label download ဆော့ဝဲလ်များ. Show all posts
Showing posts with label download ဆော့ဝဲလ်များ. Show all posts

Tuesday, January 7, 2014

YouTube မှ ဗွီဒီယိုများကို လွယ်ကူစွာ (Download)ရယူချင်ရင်


ဗွီဒီယို ဖိုင်ကို တွေကို ကြည့်နိုင်၊ဝေမျှနိုင်၊upload တင်ခြင်းပြုလုပ်နိုင်ဖို့ရာ မရှိမဖြစ်ကတော့ Youtube ဖြစ်ပါတယ်.YouTube ဟာ ဒီနေ့ခေတ် ကမ္ဘာတစ်လွှားမှာအသုံးပြုနေတဲ့ အကြီးမားဆုံး ဗွီဒီိယို ဆိုဒ်တစ်ခုဖြစ်ပါတယ်..ဖျော်ဖြေရေးဆိုင်ရာဗွီဒီယိုများအပြင် တခြားသောကဏ္ဍမှ ဗွီဒီယိုဖိုင်များကို နေ့စဉ် အချိန်နဲ့အမျှ တင်ပေးနေတာကို တွေရမှာပါ..အဲဒီဗွီဒီယိုတွေကို ကျွန်တော် တို့က ဝေမျှနိုင်တယ်၊ကြည့်နိုင်ပါတယ်..ဒါပေမယ့် Download ယူပြီးကြည့်ဖို့အတွက်က Youtube မှာ Download ခလုတ်မပါပါဘူး/ Youtube က အသုံးပြုသူတွေကို  Download လုပ်ခွင့်မပေးပါဘူး..Youtube ကဗွီဒီယိုတွေကို ရယူဖို့ third party tools နဲ့ Web တွေကတော့ အများကြီးပါ။ဒါပေမယ့် အဲဒီဆိုဒ်တွေကို ဗွီဒီယိုကို ရယူဖို့ Java လိုပါတယ်. တကယ်လို့ ကိုယ်က Flash video တွေကို ဒေါင်းလုတ်လုပ်ချင်တယ်ဆိုရင် ကိုယ်သုံးမယ့် ကွန်ပျူတာမှာ Java ထည့်သွင်းထားရမှာဖြစ်ပါတယ်..အခုပေးမယ့် Tool လေးကတော့ Freedownloadmanager(FDM)ဆော့ဝဲလ်လေးဖြစ်ပါတယ်..Youtube က ဗွီဒီယိုတွေ ရယူတဲ့အခါမှာ အဆင်ပြေတာတွေ့ရသလို လျင်လျင်မြန်မြန် ဒေါင်းနိုင်တာကိုလည်းတွေ့ရပါတယ်..ဒီဆော့ဝဲလ်လေးက Video ဖိုင်တွေကို Download ရယူနိုင်ရုံသာမက youtube လိုမျိုးတခြား ဗွီဒီယိုဆိုဒ်တွေက Flash video တွေကို ပါ အဆင်ပြေပြေဒေါင်းနိုင်တာကို တွေ့ရပါတယ်..အခုပေးမယ့် tool လေးကို မိမိကွန်ပျူတာမှာ တခါပဲ သွင်းထားရပါမယ့် ..FDM ရဲ့ အားသာချက်များကတော့-
ဘယ် Flash Videos များမဆို လွယ်လွယ်ကူကူဒေါင်းနိုင်ခြင်း
FDM ကတော့ တခြား Download manager များထက်ပိုကောင်းခြင်း
ဒီဆော့ဝဲလ်လေးအသုံးပြုဖို့အတွက် Free and open source ဖြစ်ခြင်း
Resume ရယူနိုင်ခြင်း
ကိုယ်ဒေါင်းယူနေချိန်အတွင်းမှာ အသံဖိုင်/ဗွီဒီယိုဖိုင်များကို previes ကြည့်နိုင်ခြင်း
စတာတွေကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်..
FreeDownloadmanager အားရယူရန်
ပြုလုပ်ပုံ(သို့)ထည့်သွင်းပုံ
အပေါ်မှ FDM ကိုဒေါင်းပါ။
ကွန်ပျူတာမှာ ရမ်းလိုက်ပါ။
Firefox, Chrome စတာတွေမှ ဗွီဒီယိုဖိုင် တစ်ခုခုကိုဖွင့်လိုက်ပါ။
Browser များရဲ့ ဘယ်ဘက်ထိပ်နားမှာ Download button ပါရှိပါတယ်.
Download button ကိုနှီပ်ပြီး မိမိကြိုက်နှစ်သက်ရာ ဗွီဒီယို။အသံဖိုင်များကို လွယ်လွယ်ကူကူရယူနိုင်ပါပြီ။

                                              မူရင်းလက်(ခ်)