ကျနော်နည်းပညာတွေကိုလေ့လာရင်းဒီ windows7 ကိုမြန်အောင်လုပ်တဲ့နည်းလေး
တစ်ခုရလာလို နည်းပညာလေ့လာနေတဲ့ ကျနော့်ရဲ့နည်းပညာညီအစ်ကိုမောင်နှမ
များကိုဒီနည်းလေးနဲ့လက်ဆောင်ပေးချင်ပါတယ်တယ်ခင်ဗျာ...လုပ်နည်းကလွယ်လွယ်
လေးပါခင်ဗျာ. ပထမဆုံး desktop ပေါ်မှာရှိနေတဲ့ computer ကို right click နိပ်ပါ ပြီးရင်
properties ကိုဝင်ပြီးရင် >>>Advanced system settings.. ကိုနိပ်ပါ
ဒီပုံလိုပေါ့
ပေါ်လာတဲ့ဝင်ဒိုးမှာ>>>Advances ကိုထပ်နိပ်ပါ ပြီးရင် perfomance အောက်က >>>
setting ကိုနိပ်ပါ အောက်ကပုံလိုပေါ့
ပြီးရင်နောက်ထပ်ပေါ်လာတဲ့ဝင်းဒိုးမှာ>>>Advanced ကိုနိပ်ပြီးရင် programs မှာမှတ်
ချက်ပေးပြီး>>>change ကိုနိပ်ဝင်လိုက်ပါ အောက်မှာပေးတဲ့အပုံလိုပေါ့
ပြီးရင်ထပ်ပေါ်လာတဲ့ဝင်းဒိုးမှာ ပထမဆုံး( c: )ဖိုင်ကို click
ပြီးအောက်မှာပေးတားတဲ့ coustom size နေရာမှာအမှန်ပေးပြီးညာဘက်ကအကွက်
ဖြူလေးနစ်ကွက်ထဲမှာ 4078 နိပ်ပါပြီးရင် set ကိုနိပ်ပြီးအတည်ပြုလိုက်ပါ ဒီအချက်တွေနဲ့
အလားတူ (D:) and (E:)ကိုလည်းဒီလိုပဲ့လုပ်ပေးလိုက်ပါပြီးရင် ပေါ်လာတဲ့ဝင်းဒိုးမှာ okပေါ့
အောက်ပါအပုံအတိုင်းပေါ့
ပြီးရင်ဖိုင်တွေကို>ok>>ok
ထပ်နိပ်ပြီး ဖိုင်တွေကိုပိတ်လိုက်ပါ နောက်ဆုံးဖိုင်ကိုပိတ်ပြီးတာနဲ့
အခု restaert ချမှာလားနောက်မှလုပ်မှာလားဆိုပြီးမေးပါလိမ့်မယ် ဒါဆိုရင် စာဖတ်သူတို့အနေနဲ့စိတ်သန်
ရာကိုလုပ်ပေးလိုက်ပါ ဒီနေရာမှာတိုက်တွန်းချင်တာကတော့ restart now
ကိုနိပ်ပေးလိုက်ပါ ဘာဖြစ်လို့လဲဆိုတော့ နောက်မှလုပ်တာထက်အခုလုပ်တာကပိုပြီးကောင်းစေချင်လို့ ပါခင်ဗျာ....restart now ကိုနိပ်ပြီးဝင်းဒိုးပြန်တက်လာရင် သုံးကြည့်ပါ
အရင်ကထက်ပိုပြီးမြန်ဆန်လာတာကိုမြင်တွေရမှာပါခင်ဗျာ...
ဟုတ်ကဲ့ပါ အခုလောက်ဆိုရင်ဖြင့် နည်းပညာညီအစ်ကိုမောင်နှမများရဲ့
ဝင်းဒိုးကိုမြန်ဆန်စွာ အသုံးပြုရခြင်းဖြင့် ပြုံးပျော်နိုင်ကြပါစေချင်ဗျား.....
ညောင်ပင်ကွင်းသားလေး ဝေမာန်အောင် ဆက်လက်ကြိုးစားနေလျှက်နဲပါခင်ဗျာ...

properties မတွေ့ဘူးဖြစ်နေတယ်
ReplyDelete