ညောင်ပင်ကွင်းသားလေး ဆီကိုအခုလိုလာရောက်လည်ပတ်နေကြသော နည်းပညာ လေ့လာသူညီအစ်ကိုမောင်နှမများအားလုံးကို အထူးပဲ့ကျေးဇူးတင်ရှိပါတာခင်ဗျာ...ဒီဆိုဒ်လေးကို ၃ ရက်နေ့ နိုဝင်ဘာ ၂၀၁၃ မှာစတင်ဖွင့်လင့်ပြီး အခြေခံထားတာပါ

Monday, December 16, 2013

ကွန်ပျူတာ shutdown faster လုပ်နည်း

ဒီတစ်ခါစာရေးသူ ကွန်ပျူတာကို shutdown လုပ်တာမြန်စေတဲ့နည်းလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်
      ဒီနည်းလေးကိုမနေ့က ကျနော့်ကိုအင်တာနက်သုံးဖို့လမ်းညွန်ပေးခဲ့တဲ့အစ်ကိုကြီး ကိုသိန်းဇော်က
         ညီလေးအစ်ကိုစက် shutdown လုပ်တာနှေးနေတယ် စောင့်ရတာအရမ်းကြာတယ်ပြောလို့
  တစ်ချက်လောက်ကူညီပါ စောင့်ရတာအရမ်းကြာတယ်ဆိုလို့ စာရေးသူဒီနည်းလေးကိုရှာပြီးစမ်းပြီးလုပ်
              ကြည့်တော့အဆင်ပြေနေလို့ shutdown လုပ်တာလည်းမြန်နေလို့မျှဝေလိုက်တာပါ
                 လုပ်နည်းလေးကလွယ်လွယ်လေးပါ ကဲ့...စာဖတ်သူတို့စမ်းကြည့်ချင်တယ်ဆိုင်
                                                      စလိုက်ကြစို့.....
ပထမဆုံးစာရေးသူတို့ run box ကိုအရင်ခေါ်လိုက်ကြရအောင် windows+R ကိုနိပ်ပါပြီးရင် ပွင့်လာတဲ့
run box ထဲမှာ regedit ကိုရိုက်ပြီးခေါ်လိုက်ပါ ပြီးရင်ကျလာတဲ့ဝင်းဒိုးထဲမှာ HKEY-LOCAL-MACHINE
ကိုနိပ်ပြီးရင်  system နိပ် ပြီးရင် Currentcontrolset ပြီးရင် control ကိုနိပ်ပြီးရင်ညာဘက်မှာပေါ်လာတဲ့
waitToKillServi....REG-SZ ကိုနိပ်လိုက်ပါပေါ်လာတဲ့ဝင်းဒိုး Edit string အောက်က value data မှာ
data အရေအတွက်ဘယ်လောက်ရှိလဲကြည့်ပါ  5000 လောက်ရှိတယ်ဆိုရင် ၁၀၀၀ လောက်ပြောင်း ထား
ပြီး restart လုပ်စမ်းကြည့်ပါ နဂို shutdown လုပ်တာထက်မြန်ဆန်လာပါလိမ့်မယ် စာဖတ်သူတို့အနေနဲ့
နစ်ခါမစမ်းချင်ဘူးဆိုရင်တော့ အတတ်နိုင်ဆုံး အငယ်ဆုံးထားလိုက်ပေါ့နော်...စာရေးသူကတော့ 100 လောက်အငယ်ဆုံးထားပြီးလုပ်လိုက်တယ်အရင်ထက်စာရင်တော့ အရမ်းကိုမြန်ဆန်လာပါတယ် ကဲ့...
ဒီလောက်ဆိုရင်တော့စာဖတ်သူတို့ရဲ့ကွန်ပျူတာကိုမြန်မြန်ဆန်ဆန်နဲ့ shutdown ပြုလုပ်နိုင်ကြပါပြီခင်ဗျာ..

                                 စာဖတ်သူနည်းပညာညီအစ်ကိုမောင်နမများအားလုံး
                 ကွန်ပျူတာ shutdown မြန်ဆန်စွာပြုလုပ်နိုင်၍ပြုံးပျော်နိုင်ကြပါစေခင်ဗျား....

         ညောင်ပင်ကွင်းသားလေး>>>ဝေမာန်အောင်<<<ဆက်လက်ကြိုးစားနေလျှက်နဲ့ပါခင်ဗျာ

No comments:

Post a Comment