ညောင်ပင်ကွင်းသားလေး ဆီကိုအခုလိုလာရောက်လည်ပတ်နေကြသော နည်းပညာ လေ့လာသူညီအစ်ကိုမောင်နှမများအားလုံးကို အထူးပဲ့ကျေးဇူးတင်ရှိပါတာခင်ဗျာ...ဒီဆိုဒ်လေးကို ၃ ရက်နေ့ နိုဝင်ဘာ ၂၀၁၃ မှာစတင်ဖွင့်လင့်ပြီး အခြေခံထားတာပါ

Monday, December 16, 2013

Laptop အတွက် bluetooth ပိတ်နည်း ဖွင့်နည်း

ကျနော်အခု laptop တွေမှာbluetooth ဖွင့်ဖို့အခက်အခဲဖြစ်သူတွေအတွက်ပြန်လည်မျှဝေချင်ပါတယ်
ကျနော်Laptop ကိုအစသုံးတုန်းကbluetooth ဖွင့်ဖို့တော်တော်အခက်အခဲဖြစ်ပါတယ် bluetooth နဲ့
အင်တာနက်ချိတ်ဖို့လည်းတော်တော်အခက်အခဲဖြစ်ပါတယ် ကျနော့်ထက်နားလည်တဲ့ ကျနော့်ကိုလမ်း
ညွန်ပေးခဲ့တဲ့အစ်ကိုကြီးကိုသိန်းဇော်နဲ့ တိုင်ပင်ပြီးလုပ်ကြည့်တော့ အဆင်တော့ပြေပါတယ် ဒါပေမဲ့ခရီးမ
ရောက်သေးတဲ့သဘော၇ှိနေသေးလို့ ကျနော်ထပ်ကလိရင်းနဲ့အဆင်ပြေသွားပါတယ် အခုဆိုရင်တော့
ပိတ်လို့လဲရ ဖွင့်လို့လဲအဆင်ပြေသွားလို့ အင်နက်ပေါ်မှာနည်းပညာတွေကိုလိုက်လှန်၇ှာဖွေနေသူတို့
အတွက်တော့ အခုကျနော်၇ှင်းပြမဲ့ ဒီ laptop  bluetooth ဖွင့်နည်းလေးကိုအတော့bluetooth နဲ့
အင်တာနက်ချိတ်သုံးသူတို့အတွက်အတော်လေးကအသုံးဝင်မယ်လို့မျော်
လင့်ပါတယ် ကျနော်ကဆရာကြီးလုပ်တာတော့မဟုတ်ပါဘူး ပြီးတော့ကျနော်ကစာလည်းမတတ်ပါဘူး
နည်းပညာတွေကိုဝါသနာပါလို့ ကလိရင်းနဲ့ရလာလို့ပြန်လည်မျှဝေတာပါ မသိသေးတဲ့သူတွေအတွက်
ကျနော့လို့အခက်အခဲမဖြစ်ရအောင်လို့ပြန်လည်မျှဝေလိုက်တာပါ သိပြီးသားသူများဒီပို့စ်လေးကိုဖတ်
မိခဲ့လို့ရှိရင်လည်း ချမ်းလို့အနွေးထည်လေးဝတ်လိုက်ရသလိုခံစားသွားမယ်ဆိုရင် ကျနော့အတွက်
တော့အားဆေးတစ်ခွက်လိုပါပဲ့ခင်ဗျာ...

 ဒီဟာက bluetooth ပိတ်နည်းလေးပါ

 ဒီလို bluetooth အပုံတွေအများကြီးပေါ်နေလို့စိတ်ရှုံ့တယ်ဆိုရင်

ပထမဆုံး ၀င်းဒိုးအပုံ start ကိုနိပ် ပြီးရင် search programs and files နေရာမှာ
bluetooth ကိုရိုက်ထည့်လိုက်ပါ ဖိုင်တွေကျလာပါလိမ့်မယ် ကျလာတဲ့ဖိုင်တွေမှာမှ
view devices and printers ကိုနိပ် ပြီးရင်ပေါ်လာတဲ့ဝင်းဒိုးမှာဖုန်းအပုံတွေသို့မဟုတ်
 စာဖတ်သူတို့ချိတ်ထားတဲ့အရာတွေမှာမလိုအပ်ဘူးဖျက်ချင်တယ်ဆိုရင်
ဒီအပုံကိုကြည့်ပါ

ဖျက်ချင်တဲ့အပုံတစ်ပုံပေါ်မှာ right click နိပ်ပြီး ပေါ်လာတဲ့ဝင်းဒိုးမှာ yes ပေးလိုက်ပါ
ဒီလိုအပုံမျိုးပေါ့

ခဏလေးစောင့်ပါအလုပ်လုပ်နေပါလိမ့်မယ် အလုပ်လုပ်နေတဲ့အချိန်မှာ တုနဲ့ ဆိုပြီး
အသံမြည်အချက်ပေးနေပါလိမ့်မယ် စိုးရိမ်စရာမရှိပါဘူး သူချိတ်ဆက်ထားတဲ့ network
တွေကိုယုတ်သိမ်းနေလို့ပါ ပြီးရင်ဘာမှလုပ်စရာမလိုဘဲအလိုလျောက်ပြီးသွားပါလိမ့်မယ်

Bluetooth ဖွင့်နည်း

 ဒါကဖုန်းနဲ့ကွန်ပျူတာအင်တာနက်ချိတ်ဖို့နည်းလေးပါ
ဖွင့်နည်းကလွယ်လွယ်လေးပါ အပေါ်မှာရှင်းပြထားတဲ့အတိုင်း တစ်ဆင့်စီသွားလိုက်ရုံပါပဲ့
ပထမဆုံးစာဖတ်သူတို့ရဲ့ဖုန်းမှာ bluetooth ဖွင့်ထားဖို့လိုအပ်ပါတယ် ပြီးရင်စာဖတ်သူရဲ့
ကွန်ပျူတာမှာ ကျနော်အပေါ်မှာရှင်းပြထားတဲ့အတိုင်းတစ်ဆင့်စီဝင်လိုက်ပါ
ဒီလိုအပုံထိရောက်အောင်ပေါ့

ဒီအပုံကိုရောက်သွားရင် add device ကိုနိပ်ပြီးရှာလိုက်ပါ ကိုယ့်ရဲ့ဖုန်းအမျိုးစားပေါ်လာလိမ့်မယ်
ပေါ်လာတဲ့ကိုယ့်ရဲ့ဖုန်းအမျိုးစားပေါ်မှာ bouble click နိပ်လိုက်ပါ
ဒီလိုအပုံပေါ်လာတာပေါ့
 
ပုံမှာပြထားတဲ့အတိုင်း ဖုန်းအပုံကိုအစိမ်းပေါ်အောင် click နိပ်ပြီး next ကိုထပ်သွားလိုက်ပါ
ဒီအပုံလိုပေါ်လာပါလိမ့်မယ် ဒီအပုံလိုပေါ်လာတာနဲ့ စာဖတ်သူတို့ရဲ့ဖုန်းမှာလည်းတခါတည်းပေါ်
လာမှာပါ စာဖတ်သူတို့ရဲ့ဖုန်းမှာ accept လုပ်ပေးလိုက်ပါ ပြီးရင် ကွန်ပျူတာမှာ next ထပ်သွား
လိုက်ပါ ပြီးရင် ကျလာဝင်းဒိုင်းကို close လုပ်ပေးလိုက်ပါ ဒါဆိုရင်စာဖတ်သူတို့လိုချင်တဲ့
bluetooth ပွင့်သွားပါပြီ
အင်တာနက်တစ်ခါတည်းချိတ်မယ်ဆိုရင်တော့ ဖုန်းအပုံကို double click နိပ်လိုက်ပါ

                                             ဒီလိုအပုံပေါ်လာမှာပါ

 
 အပုံမှာပြထားတဲ့အတိုင်း လိုင်းချိတ်ဖို့အတွက် connect ကိုနိပ်လိုက်ပါ ဒီနေရာမှာ
သတိထားပါ လိုင်းချိတ်သွားပြီဆိုရင်bluetooth အပုံမှာမှတ်ချက်ပြနေပါလိမ့်မည်
မှတ်ချက်မပြသေးဘူးဆိုရင် လိုင်းမချိတ်သေးပါဘူး သုံးလို့လည်းမရသေးပါဘူး
ကျနော်အခုပြထားတဲ့အပုံကလိုင်းမချိတ်ထားတဲ့အပုံပါ..
                                                  ok
                                 အားလုံးအဆင်ပြေချောမွှေ့စွာဖြင့်လုပ်ဆောင်နိုင်ပါစေ......

No comments:

Post a Comment